ရန်ကုန်၊ ၃ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၌ လွတ်လပ်ရေးနေ့ (ဇန်နဝါရီ ၄ ရက်) တွင် Mask တပ်ဆင်ရေး (အဝါရောင်စည်းရုံးလှုံ့ဆော်ပွဲ) အဖြစ် စုပေါင်းစက်ဘီးစီးပွဲကို ပြုလုပ်မည်ဖြစ်ရာ တောင်ဥက္ကလာပမြို့နယ် အမှတ် ၁၀ ရပ်ကွက် သုမင်္ဂလာလမ်းရှိ သုမင်္ဂလာပန်းခြံရှေ့မှ နံနက် ၆ နာရီမှ စတင်တာထွက်၍ စုပေါင်းစက်ဘီးစီးကြမည်ဖြစ်သည်။
စုပေါင်းစက်ဘီးစီးမည့် လမ်းကြောင်းမှာ သုမင်္ဂလာလမ်းမှ မေတ္တာလမ်း၊ ဝေဇယန္တာလမ်း၊ ဗြဟ္မစိုရ်လမ်း၊ သုမင်္ဂလာလမ်း၊ ကေတုမာလာလမ်းဆုံ၊ ပါရမီလမ်း၊ ဘေလီမီးပွိုင့်၊ သံသုမာလမ်း၊ ရတနာလမ်း၊ သုမင်္ဂလာလမ်းတို့ကို ဖြတ်သန်းစီးနင်းပြီး သုမင်္ဂလာ ပန်းခြံသို့ ပြန်လည်ဝင်ရောက်ကြမည်ဖြစ်သည်။ စက်ဘီးစီးနင်းသည့် လမ်းကြောင်းတစ်လျှောက်တွင် Mask များ ပေးဝေသွားမည်ဖြစ်သည်။
အဆိုပါ စုပေါင်းစက်ဘီးစီးပွဲကို တောင်ဥက္ကလာပမြို့နယ် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြိုနယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အောင်သူရ


