ရန်ကုန် ၂ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားရုံးဝန်ထမ်းများ အရည်အသွေး မြှင့်သင်တန်းအမှတ်စဉ် ၂/၂၀၁၉ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် တိုင်းဒေသကြီး တရားလွှတ်တော် သင်တန်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီး ဒေါ်စန္ဒာသွယ် က ရုံးလုပ်ငန်းကိစ္စများ၊ တရားခွင်တာဝန်များဆောင်ရွက်ရာတွင် တရားရုံးလုပ်ထုံး လုပ်နည်းများနှင့်အညီ မှန်မှန်နှင့်မြန်မြန်ဆောင်ရွက်ရေး၊ တာဝန်အရ ပြောဆိုဆက်ဆံ ရာတွင် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံရေး၊ လာဘ်ပေးလာဘ်ယူကင်းရှင်းပြီး ပြည်သူအများ ယူံကြည်ကိုးစားသည့် တရားရုံးများဖြစ်လာရန် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး တရားလွှတ်တော် တရာသူကြီးများ၊ တရားရေး ဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ ခရိုင်နှင့် မြို့နယ်တရားသူကြီးများနှင့် သင်တန်းသား သင်တန်းသူများတက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄)ပတ်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
