ရန်ကုန်  ၁၉   ဒီဇင်ဘာ 

 

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်သင်းသင်းနွဲ့သည် ရန်ကုန်တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်စွာငြိမ်း၊ ရုံးအဖွဲ့မှူး၊ ခရိုင်နှင့် မြို့နယ် တရားသူကြီးတို့နှင့်အတူ ယနေ့နံနက်က အင်းစိန်(ဗဟို)အကျဉ်းထောင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

4

 

ထို့နောက် တရားသူကြီး ဒေါ်သင်းသင်းနွဲ့သည် အင်းစိန်(ဗဟို)အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့်တွေ့ဆုံ၍ ဥပဒေပါ အခွင့်အရေးများ ခံစားရရှိခွင့် ရှိ၊ မရှိ၊ ၎င်းတို့၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် အသက်မွေးမှု အတတ်ပညာသင်ကြားပေးမှု တို့ကို ဆွေးနွေးမေးမြန်းပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

 

(သတင်းစဉ်)