ရန်ကုန် ၂၃ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်အေးသန်းသည် ရုံးအဖွဲ့မှူး ဦးရဲလွင်၊ ခရိုင်နှင့် မြို့နယ်တရားသူကြီးတို့နှင့်အတူ ယနေ့နံနက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အိုင်ကလောင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းသို့ သွားရောက် ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးသည် စခန်းရှိ အကျဉ်းသားများနှင့် တွေ့ဆုံ၍ ဥပဒေပါ အခွင့်အရေးများ ခံစားရရှိခွင့် ရှိ၊ မရှိ၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ အသက်မွေးမှု အတတ်ပညာသင်ကြား ပေးမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းပြီး လိုအပ်သည်များကို မှာကြားသည်။
သတင်းစဉ်