ရန်ကုန်   ဧပြီ   ၈

 

ရန်ကုန်တိုင်းဒေသကြီး ဥပဒေ ချုပ်ရုံး၏ နှစ်သစ်ကူးမဟာသင်္ကနြ် ပွဲကို  ယမန်နေ့နံနက်  ၁၀ နာရီက ရန်ကုန်မြို့    ကျောက်တံတားမြို့နယ်    ပန်းဆိုးတန်းလမ်းရှိ တိုင်းဒေသကြီး     ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ(၂)၌  ကျင်းပ သည်။

 

ဦးစွာ  ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်     ဦးဌေးအောင်က နှစ်ကူးမဟာသင်္ကနြ်  နှုတ်ခွန်းဆက်    အမှာစကား    ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံးကိုယ်စားပြု  အက အဖွဲ့၊   ရန်ကုန်အရှေ့ပိုင်းခရိုင် ကိုယ်စားပြုအကအဖွဲ့၊  ရန်ကုန်အနောက်ပိုင်းခရိုင် ကိုယ်စားပြု အကအဖွဲ့၊ ရန်ကုန်တောင်ပိုင်းခရိုင် ကိုယ်စားပြုအကအဖွဲ့၊   ရန်ကုန်မြောက်ပိုင်းခရိုင်   ကိုယ်စားပြု အကအဖွဲ့ တို့က    မဟာသင်္ကြန်ယိမ်းအကများနှင့်     ဖျော်ဖြေ တင်ဆက်မှုများ၊ ပြိုင်ပွဲဝင်များ၏ယှဉ်ပြိုင်မှုများကို    အကဲဖြတ်ဒိုင်များအဖြစ် အကယ်ဒမီ နေအောင်၊  အကယ်ဒမီ မေသန်းနု နှင့်      လှမျိုးသဉ္ဇာနွယ်တို့က ဆောင်ရွက်ကြပြီး တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးကြသည်။

 

ဆက်လက်၍    ပြိုင်ပွဲဝင်ယိမ်း အဖွဲ့များအား ပထမဆု၊ ဒုတိယဆု နှင့် တတိယဆုများကို ရန်ကုန် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးမောင်မောင်တာနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)