ရန်ကုန် နိုဝင်ဘာ ၅

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား လျှပ်တစ်ပြက် ဖိတ်ခေါ်လက်ရည်စစ် လှေ လှော်ပြိုင်ပွဲ ဒုတိယနေ့ ပြိုင်ပွဲများကို ယနေ့နံနက် (၈) နာရီတွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ ချုပ် အင်းလျားကန်၌ ကျင်းပရာ  အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက် ရောက်ကြသည်။

 

အစီအစဉ်အရ အမျိုးသားမီတာ(၅၀၀) ငါးမြွေထိုးလှေ (၅)ယောက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော လက်ရွေးစင်ဟောင်းများ(က) အသင်းမှ ထွန်းထွန်းနိုင်နှင့်အဖွဲ့၊ ဒုတိယ ဆုရရှိသော မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် (က)အသင်းမှ  စိုင်းဖြိုးကျော်နှင့်အဖွဲ့၊ တတိယ ဆုရရှိသော လက်ရွေးစင်ဟောင်းများ(ခ)အသင်းမှ မျိုးကိုကို နှင့်အဖွဲ့ တို့ကို ဧရာဝတီ တိုင်း ဒေသကြီး အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးကလည်းကောင်း၊ အမျိုး သမီးမီတာ(၅၀၀) ငါးမြွေထိုးလှေ (၅)ယောက်လှော်ပြိုင်ပွဲတွင် ပထမဆု ရရှိသော မလင်းလင်း ကျော်နှင့်အဖွဲ့၊ ဒုတိယဆုရရှိသော မစန္ဒာရွှေနှင့်အဖွဲ့၊ တတိယဆုရရှိသော မအေး အေးသိန်း နှင့်အဖွဲ့တို့ကို ရန်ကုန်တိုင်းဒေသကြီး  အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးက လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် အမျိုးသမီး မီတာ(၅၀၀) (Dragon Boat) (၆) ယောက်လှော် ပြိုင်ပွဲတွင် ပထမဆုရရှိသော မလှလှထွေးနှင့် မသီတာဦးတို့အဖွဲ့ ၊ ဒုတိယဆုရရှိသော မအေးအေးသိန်းနှင့် မမာန်ဟွဲ့ ဖောင်တို့အဖွဲ့၊ တတိယဆုရရှိသော မစန္ဒာရွှေနှင့် မအိဖြူတို့အဖွဲ့ တို့ကို အားကစား နှင့် ကာယပညာသိပ္ပံ(ရန်ကုန်)  ညွှန်ကြားရေးမှူးက လည်းကောင်း၊ အမျိုးသား မီတာ(၅၀၀) (Dragon Boat) (၆) ယောက်လှော်ပြိုင်ပွဲတွင် ပထမဆု ရရှိသော မြန်မာနိုင်ငံလှေလှော် အဖွဲ့ ချုပ် (ခ) အသင်းမှ ထူးထူးအောင်နှင့် အဖွဲ့၊ ဒုတိယဆုရရှိသော လက်ရွေးစင်ဟောင်းများ (က) အသင်းမှ စိုင်းစံဟိန်းနှင့်အဖွဲ့၊ တတိယဆုရရှိသော မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် (က) အသင်းမှ သန်းဌေးအောင်နှင့် အဖွဲ့တို့ကို မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌက လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် အမျိုးသားမီတာ(၅၀၀) (Dragon Boat) (၁၂) ယောက်လှော်ပြိုင်ပွဲတွင် ပထမဆု ရရှိသော လက်ရွေးစင်ဟောင်းများ(က) အသင်း၊ ဒုတိယ ဆုရရှိသော မြန်မာနိုင်ငံ လှေလှော် အဖွဲ့ချုပ် (က) အသင်းတို့ကို အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်က ဆုများချီးမြှင့်ခဲ့ကြောင်းနှင့် ကျန်ရှိသောပြိုင်ပွဲများကို  နိုဝင်ဘာ ၆  ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

 

(သတင်းစဉ်)