ရန်ကုန် ၂၄ နို၀င်ဘာ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ၀န်ကြီးများသည် (၄၆) ကြိမ်မြောက် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များသင်္ဘောခရီးစဉ်မှ Administrator ဖြစ်သူ Mr.Shigeki Yamamoto ဉီးဆောင်သည့် National Leaders များအား ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်၀န်ကြီး ဦးဟံထွန်းနှင့် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ်မှ Administrator , Mr.Shigeki Yamamoto တို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်၀န်ကြီး ဦးဟံထွန်းနှင့် (၄၆)ကြိမ်မြောက် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များမှ National Leaders များက အမှတ်တရလက်ဆောင်များ အပြန်အလှန် ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
တွေ့ဆုံပွဲသို့ အဆင့်မြင့်ပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် တာ၀န်ရှိသူများ၊ အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ်မှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)


