ရန်ကုန် ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြို့နယ် အခွန်ဦးစီးဌာနမှူး ရုံးများသည် ဇူလိုင် ၂၀ ရက်မှ ဩဂုတ် ၄ ရက်အထိ ကာလ အတွင်း ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ အခွန် ပညာပေး ရှင်းလင်းပွဲများကို သက်ဆိုင်ရာ မြို့နယ်အလိုက် ကျင်းပလျက်ရှိသည်။

အဆိုပါ အခွန်ပညာပေး ရှင်းလင်းပွဲများသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃၉) မြို့နယ်မှ စားသောက်ဆိုင်/ တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်နှင့် ရွှေဆိုင် လုပ်ငန်းရှင် ၁၆၂၅ ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများကို အခွန် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနသည် နိုင်ငံတော်မှ ကောက်ခံသော အခွန် အကောက်ရ ငွေစုစုပေါင်း၏ (၈၀)ရာခိုင်နှုန်းကျော်ကို နှစ်စဉ်ကောက်ခံပေးလျက်ရှိ ပြီး နိုင်ငံတော် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လုံလောက်သည့် ဘဏ္ဍာငွေများ တိုးမြှင့်ရရှိနိုင်ရန်နှင့် ဘဏ္ဍာနှစ်အလိုက် ကောက်ခံရန် လျာထားသည့် အခွန်ငွေများ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်