နေပြည်တော် အောက်တိုဘာ ၃၀

 

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိက ပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီး ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ် လျက်ရှိသည်။

 

၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် အမှတ် (၁၂) ရပ်ကွက် အောင်ဓမ္မရိပ်သာ လမ်း အိမ်အမှတ် (၄/၂၈-က) နေ ဦးအုန်းသွင်နှင့် ၎င်း၏သားမက်ဖြစ်သူ ကိုရဲတေဇတို့သည် မြို့တွင်းမှ နေအိမ်သို့ မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် နေအိမ်ရှေ့ အရောက်၌ အကြမ်းဖက်သမားများက ပစ္စတိုဖြင့် ပစ်ခတ်၍ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

 

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် အပြစ်မဲ့ ပြည်သူနှစ်ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံ ကျော်ကောင်းထက် (ခ) ကောင်းထက် (ခ) အောင်နိုင်မိုး အား အောက်တိုဘာ ၁ ရက်တွင် ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း ဖူဆန် တရုတ်ဘုံကျောင်းအနီး၌ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိတရားခံ ကျော်ကောင်းထက် (ခ) ကောင်းထက် (ခ) အောင်နိုင်မိုး၏ ထွက်ဆိုချက် အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှုများတွင် ပါဝင်ခဲ့သည့် ဆက်စပ်တရားခံများ ဖြစ်သော ဥက္ကာဖြိုး (ခ) ဖရန့် (ခ) အုပ်ကြီး၊ ဇင်မေလတ် (ခ) ရတီ (ခ) ဧပရယ်၊ သန်းထက်ဇင် (ခ) မိုးစက်၊ ညီညီချစ်ထူး (ခ) မိုင်း၊ ရွှန်းလဲ့ဝေ (ခ) ဟာနာ (ခ) နောဝိုင်တို့အား အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ တက္ကသိုလ် ရေကူးကန်၌လည်းကောင်း၊ ယင်းနေ့ မွန်းလွဲပိုင်းတွင် နေရှိုင်း (ခ) ရှိုင်းထက်အား ဒဂုံ မြို့သစ် (အရှေ့ပိုင်း) မြို့နယ် စက်မှုလယ်ယာ (၃) လမ်း အိမ်အမှတ် (၁၃၁၄) ၌လည်းကောင်း၊ အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းတွင် သန်းထွဋ်ပိုက် (ခ) ကိုစိုင်း (ခ) ဂျိုးမိုက် နှင့် ပန်းအိအိကျော် (ခ) အိန္ဒြာ တို့အား ကမာရွတ် မြို့နယ် အမှတ် (၂) ရပ်ကွက် ပြည်လမ်းရှိ သုခကမ္ဘာဆေးရုံအနီး၌လည်းကောင်း၊ အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းတွင် ဇေယျာလင်းထက် (ခ) ဟန်လင်းထက်အား သာကေတမြို့နယ် အမှတ် (၂) တောင်ရပ်ကွက် ဇောတာရုံ လမ်း၌လည်းကောင်း ဖမ်းဆီးရမိ ခဲ့သည်။

 

ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အပြစ်မဲ့ပြည်သူ များအား အကြောင်းမဲ့ လုပ်ကြံ သတ်ဖြတ်ခဲ့သည့် တရားခံ ကျား ခုနစ် ဦး၊ မ သုံးဦး စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဥက္ကာဖြိုး (ခ) ဖရန့် (ခ) အုပ်ကြီး၊ သန်းထက်ဇင် (ခ) မိုးစက်နှင့် ကျော်ကောင်းထက် (ခ) ကောင်းထက် (ခ) အောင်နိုင်မိုး တို့သည် ၂၀၂၁ ခုနှစ် အောက်တို ဘာလ ပထမပတ်တွင် လှိုင်မြို့နယ် မာလာမြိုင် (၄) လမ်း အိမ်အမှတ် (၉၆) ၌ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း ၁၀ ရက် တက်ရောက်ခဲ့ကြောင်း၊ နေရှိုင်း (ခ) ရှိုင်းထက် သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် လောင်းပြည့်ရွာအနီး၌ မင်းကင်း PDF အဖွဲ့ထံတွင် အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေး သင်တန်း ၄ လ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

ထိုသို့အကြမ်းဖက် သင်တန်းများ တက်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် Inya Urban Force-IUF အမည်ခံအကြမ်း ဖက်အဖွဲ့အား ဖမ်းဆီးရန်ကျန် တရားခံကိုပိုင် (ခ) စစ်နိုင် ခေါင်းဆောင်၍ ဥက္ကာဖြိုး (ခ) ဖရန့် (ခ) အုပ်ကြီး၊ သန်းထက်ဇင် (ခ) မိုးစက်၊ ကျော်ကောင်းထက် (ခ) ကောင်းထက် (ခ) အောင်နိုင်မိုး၊ သန်းထွဋ်ပိုက် (ခ) ကိုစိုင်း (ခ) ဂျိုးမိုက်၊ နေရှိုင်း (ခ) ရှိုင်းထက်၊ ဇေယျာလင်းထက် (ခ) ဟန်လင်းထက်၊ ညီညီချစ်ထူး (ခ) မိုင်း၊ ရွှန်းလဲ့ဝေ (ခ) ဟာနာ (ခ) နောဝိုင်၊ ဇင်မေလတ် (ခ) ရတီ (ခ) ဧပရယ်၊ ပန်းအိအိကျော် (ခ) အိန္ဒြာ နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ် သော သီဟ (ခ) ကူးပါး၊ ကိုထက် (ခ) ကိုဗန်၊ ကိုလင်း တို့ပါဝင်သော အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

IUF အမည်ခံအကြမ်းဖက် အဖွဲ့သည် နိုင်ငံတော်၏အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှု ဖြစ်စေရန်ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၂ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

 

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် ဥက္ကာဖြိုး (ခ)ဖရန့် (ခ) အုပ်ကြီး သည် ရန်ကင်းမြို့နယ် ကန် ပတ်လမ်းနှင့် ရန်ကင်း လမ်းထောင့်ရှိ ယာဉ်ထိန်းရုံးအား လက်လုပ်မိုင်း တစ်လုံးဖြင့် ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် ညီညီချစ်ထူး (ခ) မိုင်း သည် ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်း နှင့် အနော်ရထာလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးအား လက်လုပ်မိုင်း တစ်လုံးဖြင့် ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ IUF အမည်ခံ အကြမ်းဖက် အဖွဲ့ဝင်များသည် အပြစ်မဲ့ ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု (၆) ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

 

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် သန်းထွဋ် ပိုက် (ခ) ကိုစိုင်း (ခ)ဂျိုးမိုက်သည် ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်း (မြောက်) အရှေ့ရပ်ကွက် ပန်းပင်ကြီးလမ်းနှင့် ဦးသီဟလမ်းထောင့်၌ ရာအိမ်မှူး ဒေါ်နှင်းနှင်းလှိုင်အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် ညီညီချစ်ထူး (ခ) မိုင်း၊ ရွှန်းလဲ့ဝေ (ခ) ဟာနာ (ခ) နောဝိုင်နှင့် ပန်းအိအိကျော် (ခ) အိန္ဒြာ တို့က အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

 

ဒီဇင်ဘာ ၂၉ ရက်တွင် သန်းထွဋ်ပိုက် (ခ) ကိုစိုင်း (ခ) ဂျိုးမိုက်သည် စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် သီရိလမ်း အိမ်အမှတ် (၇၇) ရှေ့ လမ်းမပေါ်၌ ရာအိမ်မှူး ဒေါ်ခင်သူဇာအောင် (ခ) ဒေါ်မေသူအောင်အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာ တွင် ညီညီချစ်ထူး (ခ) မိုင်း၊ ရွှန်းလဲ့ဝေ (ခ) ဟာနာ (ခ) နောဝိုင်နှင့် ပန်းအိအိကျော်(ခ)အိန္ဒြာ တို့က အခြေအနေစောင့် ကြည့်ပေးခဲ့ကြောင်း။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် သန်းထွဋ်ပိုက် (ခ) ကိုစိုင်း (ခ) ဂျိုးမိုက်သည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် (၃၁) ရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ဦးတင်မောင်အေးအား နေအိမ်အတွင်းသို့ ဝင်ရောက်၍ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် ညီညီချစ်ထူး (ခ)မိုင်း၊ ရွှန်းလဲ့ဝေ (ခ) ဟာနာ (ခ) နောဝိုင်နှင့် ပန်းအိအိကျော် (ခ) အိန္ဒြာ တို့က အခြေအနေစောင့် ကြည့်ပေးခဲ့ကြောင်း။

 

ဧပြီ ၁၀ ရက်တွင် သန်းထွဋ်ပိုက် (ခ) ကိုစိုင်း (ခ) ဂျိုးမိုက် နှင့် ကျော် ကောင်းထက် (ခ) ကောင်းထက် (ခ) အောင်နိုင်မိုးတို့ နှစ်ဦးသည် လမ်းမတော်မြို့နယ် မော်တင်ယာယီ ဈေးရပ်ကွက် ကမ်းနားလမ်း အောင်ကောင်းစံ စားသောက်ဆိုင်၌ ဗိုလ်မှူး ကုဋေဖြိုးအောင် နှင့် စိုင်းအောင်အောင် ဇော်တို့အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ် ဖြတ်ခဲ့ရာတွင် ညီညီ ချစ်ထူး (ခ) မိုင်း၊ သန်း ထက်ဇင် (ခ) မိုးစက်၊ ရွှန်းလဲ့ဝေ (ခ) ဟာနာ(ခ) နောဝိုင်နှင့် ပန်းအိအိ ကျော် (ခ) အိန္ဒြာ တို့က အခြေအနေစောင့်ကြည့် ပေးခဲ့ကြောင်း။

 

ဇူလိုင် ၂၈ ရက်တွင် သန်းထွဋ်ပိုက် (ခ) ကိုစိုင်း (ခ) ဂျိုးမိုက်နှင့် ကျော်ကောင်းထက် (ခ) ကောင်းထက် (ခ) အောင်နိုင်မိုး တို့ နှစ်ဦးသည် ဗိုလ်တထောင် မြို့နယ် အမှတ် (၇) ရပ်ကွက် ဘိုကလေးဈေး အနီး၌အမှတ် (၇) ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း (ခ) ဘော်ဘီအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် ဥက္ကာဖြိုး (ခ)ဖရန့် (ခ) အုပ်ကြီး၊ နေရှိုင်း (ခ)ရှိုင်းထက်၊ ဇေယျာလင်း ထက်(ခ)ဟန်လင်းထက်၊ ဇင်မေလတ်(ခ) ရတီ(ခ)ဧပရယ် နှင့် ပန်းအိအိ ကျော်(ခ)အိန္ဒြာ တို့က အခြေအနေစောင့်ကြည့် ပေးခဲ့ကြောင်း။

 

စက်တင်ဘာ ၂၄ ရက် တွင် သန်းထွဋ်ပိုက်(ခ)ကိုစိုင်း (ခ) ဂျိုးမိုက်နှင့် နေရှိုင်း (ခ) ရှိုင်းထက် တို့ နှစ်ဦးသည် လှိုင်မြို့နယ် အမှတ် (၁၂) ရပ်ကွက် အောင်ဓမ္မရိပ်သာလမ်း အိမ်အမှတ် (၄/၂၈-က)တွင် နေထိုင်သော ဦးအုန်းသွင်နှင့် ၎င်း၏ သားမက်ဖြစ်သူ ကိုရဲတေဇတို့အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ် ဖြတ်ခဲ့ရာတွင် ကျော်ကောင်းထက် (ခ) ကောင်းထက် (ခ) အောင်နိုင်မိုး၊ ဥက္ကာဖြိုး (ခ) ဖရန့် (ခ) အုပ်ကြီး၊ ဇေယျာလင်းထက် (ခ) ဟန်လင်းထက်၊ ဇင်မေလတ်(ခ) ရတီ (ခ) ဧပရယ်နှင့် ပန်းအိအိကျော်(ခ) အိန္ဒြာ တို့က အခြေအနေ စောင့်ကြည့် ပေးခဲ့ကြောင်း။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီး ခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများကို ဖမ်းဆီးရန်ကျန် တရားခံများ ဖြစ်သော ကိုပိုင် (ခ) စစ်နိုင်၊ သီဟ (ခ) ကူးပါးနှင့် ကိုထက် (ခ) ကိုဗန် တို့မှ ခိုင်းစေခဲ့ခြင်းဖြစ်ပြီး ဖောက်ခွဲရေး ပစ္စည်းများနှင့် လက်နက်/ခဲယမ်းများကို ကိုပိုင် (ခ) စစ်နိုင် မှထုတ်ပေး၍ လုပ်ကြံ သတ်ဖြတ်မှုများ ဆောင်ရွက်ပြီးပါက ကိုပိုင် (ခ) စစ်နိုင်ထံသို့ ပြန်လည်အပ်နှံရကြောင်း၊ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံ သတ်ဖြတ်ခြင်းများအတွက် တစ်ဦးလျှင် ၃ သောင်းကျပ်မှ ၂ သိန်းကျပ်အထိ ရရှိကြောင်း ဖော်ထုတ်သိရှိရသည်။

 

သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား နိုင်ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင် ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အသိပေး သတင်းထုတ်ပြန်ထားသည်။

 

သတင်းစဉ်