ရန်ကုန် ၉ ဩဂုတ်

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၏ COVID-19 Economic Relief Plan (CERP) အရ ငါးမွေးမြူသူ တောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ အချိန်တွင် မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားငါးလုပ်ငန်းစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးဟံထွန်း၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ တိုင်းဒေသကြီး ဦးစီးဌာနမှူးများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ငါးမွေးတောင်သူများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ လှော်ကားငါးလုပ်ငန်းစခန်းမှ ယနေ့ပေးအပ်သော ငါးသားပေါက်ကောင်ရေ (၅၀၀၀၀၀) အား ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီးဦးစီးဌာနမှူးတို့မှ ငါးမွေးတောင်သူများအား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့နောက် ငါးမွေးတောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

 

ထို့နောက် ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့သည် လေးဒေါင့်ကန် ငါးလုပ်ငန်းစခန်းသို့ သွားရောက်ပြီး CERP​ Action Plan အရ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ငါးသားပေါက် ကောင်ရေ (၅၀၀၀၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ယနေ့ ရန်ကုန်တိုင်းအတွင်း ငါးသားပေါက်ကောင်ရေ စုစုပေါင်း (,၀၀၀,၀၀၀)အား ပထမအသုတ်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။

MDN