ရန်ကုန် နိုဝင်ဘာ ၁

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု သိသာစွာ ကျဆင်းလာသည့်အတွက် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အခြေခံပညာကျောင်းများကို ယနေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ လာရောက်၍ ပညာသင်ကြားလျက်ရှိသည်ကို တွေ့မြင်ရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းအဝင်နှင့် စာသင်ခန်းရှေ့တို့၌ လက်ဆေးဘေစင်များ ထားရှိ၍ ကျောင်းသား ကျောင်းသူများကို စနစ်တကျ လက်ဆေးစေခြင်းနှင့် ဆရာဆရာမများက ကိုယ်အပူချိန် တိုင်းတာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး စာသင်ခန်းများအတွင်း၌ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခြားစီဖြင့် သတ်မှတ်နေရာ အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြားပေးလျက် ရှိသည်။

 

mdn

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းပေါင်း ၂၇၅၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်းပေါင်း ၂၄၄ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ၂၃၀ စုစုပေါင်း ၃၂၃၂ ကျောင်းတို့တွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

သတင်း - ကိုကိုဇော်

ဓာတ်ပုံ - လတ်လတ်