ရန်ကုန် ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် အခြေခံလူဦးရေ စာရင်းမှ စာရင်းထပ်နေမှုများအား CROSS CHECK စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း နှင့် ဦးအောင်မိုးမြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ် ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးများတက် ရောက်ကြသည်။
အခမ်းအနား၌ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး E-Government ဌာန ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းဦးက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဥပဒေနှင့်အညီ နေထိုင်သူများစာရင်းအား Cross Check ပြုလုပ်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနအသီးသီးမှ တာဝန်ခံအရာရှိများက အထွေ ထွေဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်