ရန်ကုန် ၁၆ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေလေလွင့်ဆုံးရှုံးမှုမှာ ၄၅ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းအကြားတွင် ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ဇူလိုင် ၁၅ ရက်နေ့က ကျင်းပသော သတင်း စာရှင်းလင်းပွဲမှ သိရသည်။
နိုင်ငံတကာတွင် ရေလေလွင့်ဆုံးရှုံးမှုမှာ ၂.၅ ရာခိုင်နှုန်း၊ ၂.၆ ရာခိုင်နှုန်းနှင့် အများဆုံး ၃ ရာခိုင်နှုန်း ခန့်သာရှိသော်လည်း ရန်ကုန်မြို့တွင် ရေဆုံးရှုံးမှုပမာဏမှာ ၄၅ ရာခိုင်နှုန်းခန့်ဖြစ်နေကြောင်း သိရသည်။ ထိုသို့လေလွင့်ဆုံးရှုံးရာ၌ နှစ်လမ်းနှစ်ခုရှပြီး ရေဖိုးရေခ အပြည့်အဝမရ၍ ဆုံးရှုံးမှုရှိသလို ရေပိုက်လိုင်း ဆက်သွယ်မှုများ မကောင်းသည့်အတွက် ဆုံးရှုံးမှုများလည်းရှိကြောင်း သိရသည်။
အချို့မှာ ရေပိုက်ကောင်းသော်လည်း ရေဖွင့်ထားချိန်ကြာမြင့်ပြီး ရေမပိတ်မိ၍ ရေဆုံးရှုံးခြင်းများလည်းရှိကြောင်း သိရသည်။ ယခုအခါ အချို့သော မြို့နယ်၊ ရပ်ကွက်များတွင် ရေမီတာဖြင့် သုံးသလောက်ပေး စနစ်ကို ပြောင်းလဲနေပြီဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)


