ရန်ကုန် မတ် ၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို   ယနေ့ နံနက် ၉ နာရီမှစ၍ ဒုတိယမြောက်နေ့အဖြစ် ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာဖြေဆိုလျက်ရှိရာ နိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနတို့၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနတို့တွင် ကျောင်းသား၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးပညာ‌ရေးမှူးနှင့် တာဝန်ရှိသူများကလှည့်လည် ကြည့်ရှုအားပေးကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၈၃ ခုတွင်  ကျောင်းသား၊ ကျောင်းသူ ၂၆၈၁၄ ဦး စာရင်းပေးသွင်းထားပြီး  အမြင်အာရုံမသန်စွမ်းသူ ခုနှစ်ဦး၊ ကိုယ်အင်္ဂါမသန်စွမ်းသူ ရှစ်ဦး၊ ဆေးရုံတက်ရောက်ဖြေဆိုသူ ခြောက်ဦး၊ အကျဉ်းဦးစီးဌာနမှဖြေဆိုသူ ၁၀ ဦးအပါအဝင် ၂၃၇၇၅  ဦးတို့ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုခဲ့ကြကာ စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ကျောင်းသူတစ်ဦးတည်း ဖြေဆိုလျက်ရှိသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် ကျောင်းဝင်းအတွင်းနှင့် ကျောင်းပြင်ပတို့တွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ် တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

ဓာတ်ပုံ - ကနူး
ညိမ်းသူ(သတင်းစဉ်)