ရန်ကုန်၊ ဩဂုတ် ၂၁

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါကူးစက်ခံထားရသော လူနာများအတွက် ပြည်နယ်/ တိုင်းဒေသကြီးများအလိုက် ဆေးဝါးနှင့် အင်အားဖြည့်အစားအစာများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိသည်။

ထို့သို့လှူဒါန်းလျက်ရှိရာယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဒဂုံမြို့သစ် (တောင်ပိုင်း)နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) တို့တွင် ဖွင့်လှစ်ထားရှိ သော ဇီဝက ကိုဗစ် စင်တာနှင့် အောင်မြင့်မိုရ် (ရိုးမ) ကိုဗစ်စင်တာများရှိ Quarantine ဝင်ရောက် နေသော လူနာများ အတွက် လိုအပ်သော ဆေးဝါးများ၊ အင်အားဖြည့် အစားအစာများ၊ ကြက်ဥများ နှင့် အားဖြည့် အချိုရည်များကို ရန်ကုန်အရှေ့ပိုင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးမျိုးဇော်ဦးနှင့် တာဝန်ရှိသူများက အဆိုပါ ကိုဗစ်စင်တာများရှိ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)