ရန်ကုန်  ၄ ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ် ခုကို ချိတ်ဆက်ပြေးဆွဲမည့် ခရီးသည်တင်ယာဉ်လိုင်းသစ် တစ်လိုင်းကို မကြာမီ ပြေးဆွဲနိုင်ရန် Omni Focus General Services Public Co., Ltd မှ စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

 

အဆိုပါကုမ္ပဏီမှ စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ်()နှင့် နည်းပညာတက္ကသိုလ် (လှိုင်သာယာ)တို့တွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာများနှင့် ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် တက္ကသိုလ် ၄ ခုအား ချိတ်ဆက်၍ ခရီးစဉ်လမ်းကြောင်းသစ်ကို ပြေးဆွဲမည်ဖြစ်သည်။

 

ထိုသို့ ချိတ်ဆက်ပြေးဆွဲရန်အတွက် အသွားခရီးစဉ် လမ်းကြောင်းကို နည်းပညာတက္ကသိုလ်(လှိုင်သာယာ) ဂိတ်ရင်းအဖြစ် သတ်မှတ်၍ ရန်ကုန်-ပုသိမ်လမ်း၊ အနော်ရထာလမ်း၊ ရွှေပြည်သာတံတား၊ ရွှေပြည်သာတံတားလမ်း၊ ဒညင်းကုန်းလမ်းဆုံ၊ ခရေပင်လမ်း၊ အမှတ် လမ်းဆုံ၊ အောင်မင်္ဂလာအဝေးပြေး၊ ကွေ့၊ သုဓမ္မာလမ်း၊ ခေမာသီလမ်း၊ ဆေးတက္ကသိုလ်() မြောက်ဥက္ကလာအဝိုင်း၊ စက်မှုလမ်း၊ ဗိုလ်မှူးဗထူးလမ်း၊ ကျန်စစ်သားလမ်း၊ မင်းရဲကျော်စွာလမ်း၊ တော်ဝင်လမ်း၊ ဒဂုံတက္ကသိုလ်၊ ဗိုလ်မှူးဗထူးလမ်း၊ ကျန်စစ်သားလမ်း၊ အမှတ် လမ်းမကြီး၊ စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ဂိတ်ဖျား သတ်မှတ်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

 

အပြန်ခရီးစဉ်အနေဖြင့် စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)ဂိတ်ဖျား၊ အမှတ် လမ်းမကြီး၊ ကျန်စစ်သားလမ်း၊ မင်းရဲကျော်စွာ လမ်း၊ တော်ဝင်လမ်း၊ ဒဂုံတက္ကသိုလ်၊ ဗိုလ်မှူးဗထူးလမ်းမှ လာလမ်းအတိုင်း နည်းပညာတက္ကသိုလ် (လှိုင်သာယာ) ဂိတ်ရင်းသို့ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းသို့ ပြေးဆွဲရာတွင် စီးတီးဘတ်စ် Foton ယာဉ် ၂၇ စီးဖြင့် ပြေးဆွဲမည်ဖြစ်သည်။ ခရီးစဉ် ပြေးဆွဲနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံတင်ပြကာ ခွင့်ပြုချက် ဆောင်ရွက်ပြီးဖြစ်သည်။ ခရီးစဉ်အတွက် သတ်မှတ်ထားသော ယာဉ်စီးခနှင့် စတင်ပြေးဆွဲမည့် ရက်အတိအကျကို မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်သွားလာမှု လျင်မြန်ချောမွေစေရေးအတွက် ကုမ္ပဏီအနေဖြင့် အဓိကထား လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ကုမ္ပဏီပိုင်းအနေနဲ့ သွားလာမှု ပိုမိုကောင်းမွန်အောင် ဖြည့်စွက်ပြီးတော့ ပြေးဆွဲတဲ့လမ်းကြောင်းတွေကို သူပဲ အဓိကထားပြီး ပြေးပေးနေတာ ဖြစ်ပါတယ်။ ဒီတက္ကသိုလ် ခုချိတ်ဆက်မယ်ဆိုတဲ့ သူ့ရဲ့ရည်ရွယ်ချက်ကလည်း ကျွန်တော်တို့အနေနဲ့ ကောင်းပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဘက်ကလည်း သူတို့ကို ပြေးဆွဲနိုင်မှုအတွက်ကိုတော့ မြန်မြန်လေးဖြစ်ဖို့ မျှော်လင့်ပြီး ပြောဆိုနေပါတယ်ဟု ပြောကြားသည်။

 

လက်ရှိအချိန်တွင် အဆိုပါကုမ္ပဏီအနေဖြင့် မြို့တွင်းယာဉ်လိုင်းအဖြစ် ပြေးဆွဲလျက်ရှိသော YBS 56 လှိုင်သာယာနှင့် သာကေတသို့ ပြေးဆွဲလျက်ရှိသော YBS 82 တို့အပြင် ၂၄ နာရီ ဝန်ဆောင်မှုပေးလျက်ရှိသော YBS 20, 83, 99, 98, Airport shuttle Bus များကို ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ - လင်းညွန့်