ရန်ကုန် စက်တင်ဘာ ၂၇

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်အသင်းနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း တိုင်းဒေသကြီးအတွင်းရှိ ဝင်ငွေနည်း အိမ်ထောင်စုများအား စနစ်တကျ ရွေးချယ်စာရင်းပြုစုပြီး (Good Rice – Good Price ) အစီအစဉ်ဖြင့် ဧည့်မထ သန့်စင်ပြီး ဆန်ဖြူနှင့် ပေါ်ဆန်းမွှေး ဆန်များအား ဖြန့်ဖြူးရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ထိုသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝင်ငွေနည်း အိမ်ထောင်စုများအား (Good Rice – Good Price ) အစီအစဉ်ဖြင့် စျေးသက်သာပြီး အရည်အသွေးကောင်းမွန်သော ဆန်အိတ်များအား ဖြန့်ဖြူးရောင်းချပေးရာတွင် (Myanmar White Rice) (သန့်စင်ပြီး ဆန်ဖြူ) (Single Polished and Sorted)-11 ကီလို  () ပြည် တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ (Myanmar Paw San) (ပေါ်ဆန်းမွှေးဆန်) (Single Polished and Sorted)-11 ကီလို  () ပြည်တစ်အိတ်လျှင် ငွေကျပ် ၈၅၀၀ နှုန်းဖြင့်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ရာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ဆန်လိုအပ်မှုရှိသည့် ဝင်ငွေနည်း အိမ်ထောင်စုများ၊ စက်မှုဇုန်များရှိ အလုပ်သမားမိသားစုများအနေဖြင့် မည်သူမဆို စျေးနှုန်းသက်သာစွာဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သိရသည်။

 

နိုင်လင်းအောင်(ပြန်/ဆက်)