ရန်ကုန် မတ် ၁၀
စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီမှူးရုံးက ကြီးမှူးကျင်းပသည့် ၂၀၂၅ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ (World Consumer Rights Day) အခမ်းအနားကို “လူနေမှုဘဝ အစဉ်တည်တံဖို့ မျှတအသွင်ကူးပြောင်းစို့” ဆောင်ပုဒ်နှင်အညီ ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဒုတိယဥက္ကဌနှင့် ညီနောင်အသင်းများမှ ဥက္ကဌများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့နှင့် ပတ်သက်သည့် Video Clip ကို ပြသသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက ယနေ့သည် စားသုံးသူများ၏ အခွင့်အရေးနှင့် လိုအပ်ချက်များအကြောင်းကို ကမ္ဘာလုံးဆိုင်ရာ အသိပညာပေးသည့်နေ့ကို အထိမ်းအမှတ်ပြုသည့် “ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့” ဖြစ်ပါကြောင်း၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့တွင် သတ်မှတ်ထားသည့် ဆောင်ပုဒ်နှင့်အညီ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာ တစ်ခုတည်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှသာ အောင်မြင်မှာဖြစ်သည့်အတွက် အားလုံး ပူးပေါင်းပါဝင်သွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က နှုတ်ခွန်းဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန သမီးပျိုများက အကအလှဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုကို ကြည်ရူ့အားပေး၍ ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးက တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် လက်ဆောင်ကို ပေးအပ်ပြီး ကမ္ဘာ့စာသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော စားသုံးသူရေးရာ ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ပြခန်း၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးပြခန်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနပြခန်းများကို လှည်လည်ကြည်ရူ့ကြသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီမှ အတွင်းရေးမှူးက အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ၂၀၂၄-၂၁၂၅ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများကို လည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ (ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစုစုပိုင် က စားသုံးသူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကို လည်းကောင်း၊ Food Science and Technology Association (FOSTA) မှ ဘဏ္ဍာရေးမှူး ဒေါက်တာရီရီမြင့်က စားသုံးသူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကို လည်းကောင်း ဟောပြောဆွေးနွေးကြသည်။
ယင်းနောက် ဟောပြောဆွေးနွေးသည့် အကြောင်းအရာများထဲမှ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ ကျင်းပခြင်းနှင့် ဆုလက်ဆောင် ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီမှ အတွင်းရေးမှူးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်