ရန်ကုန် မတ် ၁၆

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒ ဘာသာရပ်တို့အား ယနေ့နံနက် (၉) နာရီတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာဖြင့်  ဖြေဆိုခဲ့ကြသည်။

ယနေ့ ဘာသာရပ်နှစ်မျိုးဖြေဆိုသောနေ့တွင် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ ၉၈၉၉ ဦးဖြေဆိုခဲ့ပြီး ခရမ်းမြို့နယ်  ပြည်သူ့ဆေးရုံတွင် ကျောင်းသူ တစ်ဦးနှင့် အင်းစိန်အကျဉ်းဦးစီးရှိ အမှတ်(၁၃) အလယ်တန်းကျောင်း စာစစ် ဌာန၌ အကျဉ်းသား ခုနှစ်ဦးတို့က ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုခဲ့ကြသည်။ ရူပဗေဒ ဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ ၈၁၂၆ ဦးဖြေဆိုခဲ့ကြပြီး ကမာရွတ်မြို့နယ်နှင့် တာမွေမြို့နယ်တို့မှ ကျောင်းသူ နှစ်ဦးတို့သည် ဆေးရုံများမှ ဖြေဆိုခဲ့ကြသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်တို့အား ဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၁၈၀၂၅ ဦးတို့သည်  ယနေ့တွင်လည်း ဘာသာရပ်များကို စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် ဖြေဆိုခဲ့ကြသည်။ ၂၀၂၄ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲသည် Grade 12 သင်ရိုးသစ်၊ စနစ်သစ်ဖြင့် ဖြေဆိုရခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာဘာသာရပ်မျာနှင့် မေးခွန်းပုံစံများကို သိရှိနားလည်စေရန် ဆရာ၊ ဆရာမများအား သင်တန်းများပို့ချပေးခဲ့သည့်နည်းတူ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဌာနတို့မှ ထုတ်ဝေသည့် Grade 12 သင်ရိုးသစ် နှင့်ပတ်သက်သည့် ဘာသာရပ်အလိုက် မေးခွန်းပုံစံများကိုလည်း ကျောင်းများ၌ လေ့ကျင့် သင်ကြားပေးခဲ့ရာ နွေရာသီကျောင်းပိတ်ရက်တွင်လည်း သင်ရိုးသစ်ဘာသာရပ်များနှင့် စပ်လျဉ်း၍  ဆရာ၊ ဆရာမများအား မွန်းမံသင်တန်းများအဖြစ် လေ့ကျင့်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး
ညိမ်းသူ(သတင်းစဉ်)