ရန်ကုန် မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် ယနေ့နံနက် ၉ နာရီက တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်နှင့် ဓါတုဗေဒဘာသာရပ်တို့ကို ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြသည်။ 

ယနေ့ ဘာသာရပ်နှစ်မျိုး ဖြေဆိုသောနေ့တွင် ပထဝီဝင်ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ ၁၀၂၉ ဦးဖြေဆိုခဲ့ကြပြီး အင်းစိန်အကျဉ်းဦးစီးရှိ အမှတ်(၁၃) အလယ်တန်းကျောင်း စာစစ်ဌာန၌ အကျဉ်းသား ခုနှစ်ဦး ဝိဇ္ဇာတွဲကို ဖြေဆိုခဲ့ကြသည်။ ဓာတုဗေဒဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၇၀၀၅ ဦးဖြေဆိုခဲ့ကြပြီး အမြင် အာရုံမသန်စွမ်းသူ သုံးဦး၊ ကိုယ်အင်္ဂါမသန်စွမ်းသူ နှစ်ဦးနှင့် ကမာရွတ်မြို့နယ်၊ တာမွေ မြို့နယ်နှင့် ခရမ်းမြို့နယ်တို့မှ ကျောင်းသူ သုံးဦးတို့သည် ဆေးရုံမှဖြေဆိုခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနတို့တွင် ပထဝီဝင်ဘာသာနှင့် ဓာတု ဗေဒဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူ ၁၈၀၃၄ ဦး စိတ်အေးချမ်းသာ ပျော်ရွှင် စွာဖြင့် ဖြေဆိုခဲ့ကြသည်။

၂၀၂၄ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲသည် Grade 12 သင်ရိုးသစ်၊ စနစ်သစ်ဖြင့် ဖြေဆိုရခြင်းဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာဘာသာရပ်မျာနှင့် မေးခွန်း ပုံစံများကို သိရှိနားလည်စေရန် ဆရာ၊ ဆရာမများအား သင်တန်းများပို့ချပေးခဲ့သည့်နည်း တူ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဌာနတို့မှ ထုတ်ဝေသည့် Grade 12 သင်ရိုး သစ်နှင့်ပတ်သက်သည့် ဘာသာရပ်အလိုက် မေးခွန်းပုံစံများကိုလည်း ကျောင်းများ၌ လေ့ ကျင့်သင်ကြားပေးခဲ့ပြီး နွေရာသီကျောင်းပိတ်ရက်တွင်လည်း သင်ရိုးသစ်ဘာသာရပ်များ ကို ဆရာ၊ ဆရာမများအား မွန်းမံသင်တန်းများအဖြစ် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - မောင်သီဟ
ညိမ်းသူ( သတင်းစဉ်)