ရန်ကုန် ၂၉ ဇူလိုင်
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၏ သတင်းရေးသား ထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး တိုင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန သင်တန်းခန်းမ၌ ဇူလိုင်လ ၂၉ ရက်နေ့ မနက်(၈း၃၀)တွင် စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သတင်းရေးသားထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ဇူလိုင်(၂၉)ရက်မှ သြဂုတ်လ(၃)ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ရာ အဆိုပါ သင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင် ၄ ခရိုင်ရှိ ပြန်/ဆက်ဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင် (၂) စာထောက်(၃) ရုပ်သံကျွမ်းကျင်(၃)နှင့် အငယ်တန်းစာရေး သင်တန်းသား၊ သင်တန်းသူ (၄၄) ဦး တက်ရောက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ကိုဘုန်း(ပြန်ဆက်)
ဓာတ်ပုံ.လင်းလင်းထွန်း(ပြန်ဆက်)


