နေပြည်တော်  ၃၀  ဒီဇင်ဘာ

 

ေ

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့်အကြို၊ အထိမ်းအမှတ် ပို့စကတ်သစ်(၂)မျိုးအား ၂၀၂၀ခုနှစ်၊ ဇန်နဝါရီ (၁)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ပြာသိုလဆန်း (၇)ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည် ဖြစ်သည်။

 

ေ

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့၌ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်၌ ဝယ်ယူသော ပို့စကဒ်များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ေ

 

သတင်းစဉ်