ရန်ကုန် ၅ စက်တင်ဘာ
တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ ကျောင်းပေါင်းစုံ “အ”သုံးလုံး အဖွဲ့ဝင်ဟောင်းများ ဦးစီးသော စာတတ်မြောက်ရေးနေ့နှင့် ဒေသဖွံ့ဖြိုးမှု ကူညီရေးအဖွဲ့က ကြီးမှူးကျင်းပမည့် ရန်ကုန်တက္ကသိုလ်ရာ ပြည့်အကြို ၂၀၁၉ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားနှင့် စာပေပြိုင်ပွဲ ဆုနှင်းသဘင်ကို စက်တင်ဘာ(၈)ရက် တနင်္ဂနွေ မွန်းလွဲ(၁)နာရီတွင် ရန်ကုန်တက္ကသိုလ်နယ်မြေ ဝိဇ္ဇာခန်းမတွင် ကျင်းပမည်ဖြစ်ရာ (၁၉၆၄-၈၈)ကျောင်းပေါင်းစုံ စာတတ်မြောက်ရေး အဖွဲ့ဝင်များ (၂၀၁၃-၁၉) မျိုးဆက်သစ် စာတတ်မြောက်ရေး အဖွဲ့ဝင်များ ၂၀၁၉ ခုနှစ် စာပေပြိုင်ပွဲခဲ့သူများ နှင့် စိတ်ပါဝင် စားသူများ တက်ရောက်ကြပါရန် အမှုဆောင်အဖွဲ့က နှိုးဆော်ထားသည်။
စာစီစာကုံးဆုရသူများ ဖြစ်သော မောင်ဥဂ္ဂါလင်းဟန်(ပထမဆု၊ ဒသမတန်း၊ အ.ထ.က (၄) ဟင်္သာတ၊ မဆုသရဖီလှိုင်(ဒုတိယဆု)၊ နဝမတန်း၊ အ.ထ.က (၂) ဗိုလ်တထောင်၊ မသက်ထက်ဦး( တတိယဆု)၊ နဝမတန်း၊ အ.ထ.က(၂) ဗဟန်း ၊ ဆောင်းပါးပြိုင်ပွဲတွင် ဆုရသူများဖြစ်သော စည်သူမောင်(ပထမဆု) မကွေးပြည်သူကျန်းမာရေး၊ ကနောင်မောင်ဆန်းသစ် (ဒုတိယဆု) နှင့် မင်းဟိဏ်းကျော် (တတိယဆု) မင်းလှ တို့သည် စက်တင်ဘာ(၈)ရက် မွန်းလွဲ(၂)နာရီတွင် ဝိဇ္ဖာခန်းမရှိ ပြန်ကြားရေးအဖွဲ့ထံ သတင်းပေးပို့နိုင်ရန် သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ-သန်းစိုး


