ရန်ကုန်      မေ      ၆

 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးဌာန ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ကြမည့် အသစ်ခန့်အပ်သော နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများ ကြိုဆိုပွဲအခမ်းအနားကို မေ ၆ ရက် နံနက် ပိုင်းက ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပရာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းက ကြိုဆိုနှုတ်ခွန်ဆက် စကားပြောကြားသည်။ ကြိုဆိုပွဲအခမ်းအနားသို့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့် အသစ်ခန့်အပ် ထားသည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ ၄၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်