နေပြည်တော် ၂၈ အောက်တိုဘာ
ရန်ကုန်တက္ကသိုလ်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဖွဲ့ တေးသီချင်း အပုဒ် (၁၀၀)ကို အပတ်စဉ် သောကြာနေ့တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ည(၈)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်မည်ဖြစ်ရာ အောက်တိုဘာ (၃၀) ရက် ညတွင် ပွဲစဉ်(၃)အဖြစ် LUCKY HAND တေးဂီတ အဖွဲ့နှင့်အတူ တေးသံရှင် တူးတူး၊ ဂျေညီညီ၊ စည်သူလွင်၊ စံလင်း၊ ဖြိုးပြည့်စုံ၊ ဂျူနီယာချစ်ကောင်း၊ နော်လီဇာ၊ မေခလာ၊ ချောစုခင်၊ မေစံပယ်ညို၊ ဂျူဝယ်လ်နှင့် မေသူကျော်တို့က ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။
အဆိုပါတင်ဆက်ခဲ့မှုကို နိုဝင်ဘာ ၁ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပြသမည်ဖြစ်ပါကြောင်း သိရသည်။
သတင်းစဉ်


