နေပြည်တော် ၁၈ နိုဝင်ဘာ

ရန်ကုန်တက္ကသိုလ်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဖွဲ့ တေးသီချင်း အပုဒ် (၁၀၀) ကို အပတ်စဉ် သောကြာနေ့တိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်မည်ဖြစ်ရာ နိုဝင်ဘာ ၂၀ ရက် ညတွင် ပွဲစဉ်(၆)အဖြစ် SUCCESS တေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် ကိုင်ဇာ၊ မေဆွိ၊ မေခလာနှင့် ဟေမာနေဝင်းတို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

အဆိုပါတင်ဆက်ခဲ့မှုကို နိုဝင်ဘာ ၂၂ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်