ရန်ကုန် ၂၇ ဖေဖော်ဝါရီ
တက္ကသိုလ်ရာပြည့် ကျင်းပရေးကော်မတီက ဦးဆောင်၍ ရန်ကုန်တက္ကသိုလ် ဗုဒ္ဓ ဘာသာအသင်းကြီးနှင့် ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂတို့ ပူးပေါင်းကျင်းပမည့် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ရာပြည့်ဓမ္မသဘင်ကို ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင်ရှေ့ မြက်ခင်းပြင်၌ မတ်လ ၇ ရက်၊ ၈ ရက်၊ ၉ ရက်နေ့ ညစဉ် ၇ နာရီမှ စတင်၍ ကျင်းပသွားမည်ဖြစ်သည်။
မတ်လ ၇ ရက်တွင် ဟင်္သာတမြို့ နိုဘယ်ပရဟိတဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏာလင်္ကာရ၊ မတ်လ ၈ ရက်တွင် ပဲခူးဆယ်မိုင်ကုန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညိ ဿရာဘိဝံသ၊ မတ်လ ၉ ရက်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသတို့က တရားတော်များ ဟောကြားတော်မူကြမည်ဖြစ်သည်။
အလှူရှင်များ ဆက်သွယ်လှူဒါန်းလိုပါက ဘဏ္ဍာရေးမှူး ဒေါက်တာမူမူမြင့် (ပါမောက္ခ၊ဌာနမှူး)အရှေ့တိုင်းပညာဌာန၊ ရန်ကုန်တက္ကသိုလ် (ဖုန်း-၀၉၇၉၉၅၇ ၃၀၅၁)၊ ဒေါက်တာကေသီတင်(ပါမောက္ခ)သင်္ချာဌာန၊ ရန်ကုန်တက္ကသိုလ်(ဖုန်း-၀၉၅၁၅၃၁၆၂)၊ ဒေါက်တာဇင်မာဝေ(တွဲဖက်ပါမောက္ခ) အရှေ့တိုင်းပညာဌာန၊ ရန်ကုန်တက္ကသိုလ်(ဖုန်း-၀၉၃၆၂၅၂၂၇၇)၊ ဒေါက်တာငြိမ်းသီတာ (တွဲဖက်ပါမောက္ခ) ရူပဗေဒဌာန၊ ရန်ကုန်တက္က သိုလ် (ဖုန်း-၀၉၅၀၈၆၈၄၃)နှင့်ဒေါ်တင်တင်ခိုင် (ခွဲမှူး၊ ဘဏ္ဍာဌာန)၊ ရန်ကုန်တက္ကသိုလ် (ဖုန်း-၀၉၄၀၂၆၇၄၉၄၅)တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်


