ရန်ကုန် ၂၀ ဇန်နဝါရီ
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ရန်ကုန်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးရေးနှင့် ကြိုတင်ပြင်ဆင်ရေး သင်တန်းကို ဇန်နဝါရီ ၁၉ ရက်တွင် ရန်ကုန်တက္ကသိုလ် စစ်ကိုင်းဆောင်၌ ပြုလုပ်ခဲ့သည်။

သင်တန်းတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သောင်းရွှေတို့က သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးခဲ့ပြီး တက္ကသိုလ်ကျောင်းသား ၃၀ ဦး တက်ရောက်ခဲ့သည်။
ချစ်မိုး(လယ်ဝေး)