ရပ်စောက် ဇွန်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသမှုပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြေနီကုန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           

ထိုသို့ဆောင်ရွက်ရာတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်မှ အမှတ်() တပ်မတော်ဆေးရုံ (ခုတင်-၁၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)နယ်လှည့် ဆေးကုသရေးအဖွဲ့နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ ဆေးကုသမှုများဆောင်ရွက်ပေးခြင်း၊ မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဌာနအလိုက်သက်ဆိုင်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌဦးသိန်းဇော်ဝင်းနှင့် အဖွဲ့ဝင်များက ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျေးရွာနေ ပြည်သူများ၏လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

           

အဆိုပါကွင်းဆင်းဆောင်ရွက်မှုအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မျိုးဇော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌဦးသိန်းဇော်ဝင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။

 

ရဲထက်ဦး(ပြန်/ဆက်)