ရပ်စောက်   ဒီဇင်ဘာ   ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် သံဃနာယကဥက္ကဋ္ဌ၊ သာသနရံသီ တောင်ဖီလာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိလာသသည် ဒီဇင်ဘာ ၁၀ ရက် နံနက် ၉ နာရီက သာသနရံသီ တောင်ဖီလာကျောင်းတိုက်၌ ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း သိရသည်။

အဆိုပါ သာသနရံသီ တောင်ဖီလာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိလာသသည် သက်တော် ၇၀၊ ဝါတော် ၅၀ ရှိပြီး ၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် နံနက် ၉ နာရီတွင် သီတင်းသုံး နေထိုင်တော်မူသည့် သာသနရံသီ တောင်ဖီလာကျောင်းတိုက်၌  ၉၆ ပါး ရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်အား သာဓုကီဠန အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲကို ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင်  ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သံဃနာယက အဖွဲ့ထံမှ သိရှိရသည်။

ရဲထက်ဦး(ပြန်/ဆက်)