ရပ်စောက် ၁၉ မေ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ညောင်သုံးပင် ကျေးရွာနှင့် ပိန္နဲပင်ရွာသစ်ကျေးရွာများတွင် မေ ၁၈ ရက်ည ၉နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် အဆောက်အအုံအချို့ အမိုးလန်ပျက်စီးခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ညောင်သုံးပင်ကျေးရွာတွင် နေအိမ်(၁ဝ)လုံး၊ သိုလှောင်ရုံ (၂)လုံး၊ အမက(မူလွန်)ကျောင်းဆောင် ၁ဝ ပေပတ်လည် အဆောက်အအုံ အမိုးနှင့် ကျောင်းအဝင် ဆိုင်းဘုတ်၊ ပိန္နဲပင်ရွာသစ်ကျေးရွာတွင် လူနေအိမ်(၅)လုံး၊ သိုလှောင်ရုံ(၁)လုံးတို့ အမိုးလန် ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရ သေဆုံးခြင်းမရှိကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အိမ်ထောင်စုများနှင့် စာသင်ကျောင်းအား ရပ်ရွာမှ စုပေါင်း၍ ကူညီဆောင်ရွက်မှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ဝင်း(ပြန်/ဆက်)


