ရပ်စောက် နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် နိုဝင်ဘာ ၃ ရက်နက ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ၊ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများနှင့် ဒေသခံပြည်သူများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းရှိ/မရှိ တာဝန်ရှိသူများမှ စစ်ဆေးပေးခဲ့ရာ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၁၅)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများမှာ မြို့ဦးရပ်ကွက်မှ (၂)ဦး၊ မြောက်ကွက်သစ်ရပ်ကွက်မှ (၁)ဦး၊ ပင်ဖြစ်ကျေးရွာမှ (၂)ဦး၊ လှည်းတိုးကျေးရွာမှ (၄)ဦး၊ ထီးခမ်းကျေးရွာမှ (၂)ဦး၊ ညောင်သုံးပင်ကျေးရွာမှ (၁)ဦး၊ ဖောင်းတောကျေးရွာမှ (၁)ဦး၊ နန်းလင်းကျေးရွာမှ (၁)ဦးနှင့် မကွေးမြို့နယ်မှ (၁)ဦး စုစုပေါင်းပိုးတွေ့လူနာ (၁၅)ဦး တွေ့ရှိရပြီး ၎င်းတို့အား တာဝန်ရှိသူများက ကုသရေးစင်တာများသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် နိုဝင်ဘာ ၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာစုစုပေါင်း (၃၀၈၃)ဦးရှိပြီး ပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၂၈၄၀)ဦး၊ ဆေးကုသမှုခံယူလျက်ရှိသူ (၁၈၅)ဦးနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာ (၅၈)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)