ရပ်စောက် ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ (ထက်၊ လယ်၊ မူ) စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီ က ဇော်ဂျီရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာစီစာကုံးပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပခြင်း ဖြစ်ကာ မူလတန်းအဆင့်အား “လွတ်လပ်ရေးနေ့”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်အား “လွတ်လပ်ရေးအစ အမျိုးသားနေ့က” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်အား “လွတ်လပ်ရေးနှင့် လူငယ်တာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဖြေဆိုကြကြောင်း သိရသည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲသို့ ရပ်စောက်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူ မူလတန်းအဆင့်(၁၉)ဦး၊ အလယ်တန်း အဆင့် (၁၉)ဦး၊ အထက်တန်းအဆင့်(၂၆)ဦးဖြင့် စုစုပေါင်းဝင်ရောက် ဖြေဆိုသူ(၆၄)ဦးရှိကြောင်းနှင့် ဆုရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၄)ရက် လွတ်လပ်ရေးနေ့တွင် ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဦးစီးဌာနမှ သိရသည်။
ဆုမွန်(ပြန်/ဆက်)


