နေပြည်တော် ၈  မေ

(၂၀၂၀) ပြည့်နှစ် နွေရာသီတွင် တိုးတက်သုံးစွဲလာမည့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီ ဖြည့်ဆည်းပေးနိုင်ရန် သာကေတ (400) MW ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါစီမံကိန်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ မကြာမီကာလတွင် အဆိုပါစီမံကိန်းမှ လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ် ပို့လွှတ်နိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။

 

သာကေတ (400) MW ဓာတ်အားပေးစက်ရုံအား ဓာတ်အားစနစ်နှင့် ချိတ်ဆက်နိုင်ရန်အတွက် (230)kV သာကေတဓာတ်အားခွဲရုံတွင် (230)kV Bus ဓာတ်အားပိတ်ခြင်းလုပ်ငန်းကို မေ ၁၀ ရက်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။

 

ထိုသို့ လုပ်ငန်းဆောင်ရွက်စဉ်ကာလအတွင်း ဓာတ်အားပြတ်တောက်မည့် 66kV စိန်ပန်းမြိုင် (၁၊၂), 33kV သာကေတ-ဒဂုံမြောက် ဓာတ်အားလိုင်းများအား Alternative Source ဖြင့် လှည့်၍ ဓာတ်အား ပေးထားမည်ဖြစ်ပြီး သာကေတ၊ ဒေါပုံ၊ ဒဂုံ(မြောက်)၊ ဒဂုံ (တောင်)၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ သင်္ဃန်းကျွန်း၊ ပန်းဘဲတန်း၊ ရန်ကင်း၊ တောင်ဥက္ကလာပမြို့နယ်များရှိ ရပ်ကွက်အချို့ ယာယီဓာတ်အားပြတ်တောက်နေမည် ဖြစ်ပါကြောင်း အများပြည်သူထံသို့ ကြိုတင်အသိပေး ပန်ကြားထားသည်။

MDN

Crd-YESC CallCenter