ညောင်လေးပင်   ၁၇    မေ

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ရဲလှကုန်းကျေးရွာအနီးတွင် မေ ၁၇ ရက် မနက် ၆ နာရီခွဲခန့်က ရပ်ထားသော ၁၂ ဘီးယာဉ်အား ၂၂ ဘီးယာဉ်က နောက်မှဝင်တိုက်မိခဲ့ရာ ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးသေဆုံးခဲ့မူ ဖြစ်ပွားခဲ့သည်။

 

158

 

ဖြစ်စဉ်မှာ ညောင်လေးပင်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၈၅/၆ အနီးတွင် ယာဉ်တိုက်မူ ဖြစ်ပွားကြောင်း သတင်းအရ တာဝန်မှူးဒုရဲအုပ်ကျော်ဆန်းလင်းနှင့် တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရန်ကုန်ဘက်မှမန္တလေးဘက်သို့ ယာဉ်မောင်း စိုင်းမျိုးသန့်၊ ပန်မောင်ရွာ၊ကျောက်မဲမြို့၊ရှမ်းပြည်နယ်နေသူ မောင်းနှင်ပြီး ယာဉ်နောက် ဦးမောင်ကို (၄၈)နှစ် ရိုးကြီးကျေးရွာ၊ မှော်ဘီမြို့၊ ရန်ကုန်တိုင်းဒေသကြီး နေသူလိုက်ပါလာသော ဂေါ်တန်ကျောက် များ တင်ဆောင်လာသည့် YGN-6C/---- Hondai အမျိုးအစား(၂၂)ဘီး၊နောက်တွဲ အဖြူကောင် ယာဉ်သည် လားရာတူ ရှေ့မှလမ်းဘေးတွင် အချက်ပြမီးပြ၍ ရပ်ထားသောယာဉ်မောင်း၊ဦးကျော်စိုး၊ ထိမ်ကုန်းရပ်၊ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ နေသူမောင်းနှင်သော YGN 7B/----- Nissan Dieseel အစိမ်းရောင်(၁၂)ဘီးယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိခဲ့ရာ စိုင်းမျိုးသန့်နှင့် ဦးကျော်စိုးတို့တွင် ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း ယာဉ်နောက်လိုက် ဦးမောင်ကိုမှာ ယာဉ်ပေါ်မှပြုတ်ကျခဲ့ပြီး တွဲယာဉ်၏ နောက်ဘီးဖြင့် ကြိတ်မိခဲ့သဖြင့် ဦးခေါင်းကြေမွ ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စိုင်းမျိုးသန့်အားညောင်လေးပင်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

နေလင်း(ညောင်လေးပင်)