ရန်ကုန် ၂၃ သြဂုတ်


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းနှင့် ဇီဝကလမ်းဒေါင့်တွင် ယမန်နေ့ ည ၁၀ နာရီခွဲက ရွှေတိဂုံဘုရားမှ သိမ်ကြီးဈေးသို့ မောင်းနှင်လာသော Nissan AD Van (အဖြူရောင်)အငှားယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ အမှိုက်သိမ်းရန် ရပ်နားထားသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ TATA (လိမ္မော်ရောင်)ယာဉ်၏ ဘယ်ဘက်နောက်ခြမ်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သိရသည်။


ဖြစ်စဉ်ကြောင့် ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် Nissan AD Van(အဖြူရောင်)အငှားယာဉ်မောင်း ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား လင်းလက်ပရဟိတအသင်းမှ ကူညီပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ သိရသည်။


MDN