ရပ်တန့်ထားသော အာလူးကုန်များတင်ထားသည့်ယာဉ် မီးလောင်မှုဖြစ်ပွား

လှည်းကူး ၂၂ မေ


ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့၊ အောင်မင်္ဂလာရပ်ကွက် "ကောင်းသတင်း" ဓါတ်မြေသြဇာဆိုင်အနီးတွင် ယနေ့ နံနက် (၂) နာရီ (၅၅) မိနစ်ခန့်က ရပ်တန့်ထားသော အာလူးများတင်ထားသည့်ယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။        


ဖြစ်စဉ်မှာ လှည်းကူးမြို့ အောင်မင်္ဂလာရပ်ကွက် "ကောင်းသတင်း" ဓာတ်မြေသြဇာဆိုင်အနီး ရန်ကုန်-ပဲခူး ကားလမ်းဘေး၊ လမ်းလယ်ကျွန်းအမှတ် (၁၂၂) နှင့် (၁၂၃) တို့ကြား "ကောင်းသတင်း" ဓါတ်မြေသြဇာဆိုင်အနီး လမ်းဘေးချရပ်တန့်ထားသော အာလူးများတင်ဆောင်ထားသည့် 8E/--------(MDY) နီဆန်း နီဝါရောင် (၁၂)ဘီးယာဉ်၏ ဦးခေါင်းပိုင်းမှာ ကားဘတ္ထရီရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းနေသဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၂)စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် (၃)နာရီ (၅)မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍  ယာဉ်မောင်း ဝင်းမောင်အား လှည်းကူးမြို့မရဲစခန်းက ဥပဒေအရ အမှုဖွင့် အရေးယူးထားကြောင်း သိရသည်။   


နိုင်လင်း(လှည်းကူး)

 

1