ကမမောင်း ၃၁ ဇန်နဝါရီ 


ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကမမောင်းမြို့ အမှတ်(၄)ရပ်ကွက် ကိုးနဝင်း ဘုန်တော်ကြီးကျောင်း၌ ယနေ့ နံနက် ၉ နာရီတွင် ရပ်ဝေးမှ လာရောက်၍ ပညာသင်ကြားနေကြရသော ကျောင်းသူများအတွက် အိပ်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

 

123


အဆိုပါ အိပ်ဆောင်သစ်ကို Southeast Asia Education Foundation မှ တာဝန်ရှိသူ အမေရိကန်နိုင်ငံသား Mr. Wi၊ian Henary Tay၊on က မတည် လှူဒါန်းငွေ သိန်း ၅၀ဝ ကျပ်၊ ပရိဘောဂ၊ ခုတင်နှင့် ဘီရိုများအတွက် သိန်း ၁၅၀ ကျပ် ကိုးနဝင်း ဆရာတော်နှင့် ဒါယကာ၊ ဒါယိကာမများ စုပေါင်းထည့်ဝင် လှူဒါန်းငွေ သိန်း ၁၃၅၀ ကျပ်၊ စုစုပေါင်းငွေသိန်း ၂၀ဝ၀ ကျပ်ဖြင့် RC ၁ ထပ် သွပ်မိုး (၁၅၀ပေ×၃၀ပေ) ရှိ ကျောင်းသူများအတွက် အိပ်ဆောင်သစ်ကို ဆောက်လုပ် လှူဒါန်းပေးခဲ့ကြခြင်းဖြစ်သည်။


ရပ်ဝေးကျေးရွာများမှ လာရောက်၍ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ပြီး အခြေခံပညာ သင်ကျောင်းများ၌ ပညာသင်ကြား ဆည်းပူးနေကြသော ကျောင်းသူများအတွက် အိပ်ဆောင်သစ်ကို ကိုးနဝင်းဆရာတော်၊ အမေရိကန်နိုင်ငံသား Mr.Wi၊ian Henary Tay၊on မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသန့်နှင့် အလှူရှင်ဒါယိကာမတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရှိရသည်။


ကမမောင်း( ပြန်/ဆက်)