ပေကျင်း အောက်တိုဘာ ၁၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ အောက်တိုဘာ ၁၇ ရက်တွင် ဖွင့်လှစ်မည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းဆိုင်ရာ နိုင်ငံတကာဖိုရမ်ကို တက်ရောက်ရန်အတွက် ကမ္ဘာ့ခေါင်းဆောင်များ စုဝေးရောက်ရှိနေပြီဖြစ်သည်။
နှစ်ရက်ကြာကျင်းပမည့် အဆိုပါအစည်းအဝေးသို့ ရုရှား သမ္မတ ဗလာဒီမာပူတင် တက်ရောက်မည် ဖြစ်ပြီး ဖိုရမ်တက်ရောက်စဉ် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့်လည်း တွေ့ဆုံသွားဖွယ်ရှိသည်။
ကမ္ဘောဒီးယား၊ သီရိလင်္ကာနှင့် အီသီယိုးပီးယားအပါအဝင် အာရှနှင့် အာဖရိကနိုင်ငံများ၏ အဓိက ခေါင်းဆောင်များသည် မြို့တော်ပေကျင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တရုတ်မီဒီယာများက အောက်တိုဘာ ၁၆ ရက်တွင် ဖော်ပြသည်။
တရုတ်အစိုးရက ယခုဖိုရမ်ကို ယခုနှစ်၏ အရေးကြီးဆုံး သံတမန်ရေးရာ အခမ်းအနားဟု ခေါ်ဆိုပြီး နိုင်ငံပေါင်း ၁၄၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ