ရန်ကုန် ၁၃ ဒီဇင်ဘာ
တနင်္ဂနွေ တစ်ပတ်ခြား ပုံမှန်ကျင်းပလျက်ရှိသော စာရေးသူများ၏ ရသစာဖတ်ဝိုင်း ရာသီ ၂၊ ပွဲစဉ် ၃၃ ကို ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါပွဲတွင် စာရေးဆရာမကြီးစမ်းစမ်းနွဲ့(သာယာဝတီ)၏ ရသစာစုများအား စာရေးဆရာ ဆရာမများက ဖတ်ကြားတင်ဆက်ကြမည့်အပြင် ဆွေးနွေးဖြေကြားပေးမည့် ရသဝတ်မှုန် ကူးခြင်း အစီအစဉ်၊ တက်ရောက်မည့် ပရိသတ်များအား စာအုပ်၊ ပန်းချီကား လက်ဆောင်ပေးမည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
စာရေးသူများ၏ ရသစာဖတ်ဝိုင်းသည် စာဖတ်ခြင်းမှတစ်ဆင့် ခိုင်ကျည်သောစိတ်၊ ပဲ့ပြင်နိုင်သော ဉာဏ်ပညာ၊ စာနာနိုင်သော နှလုံးသားတို့ကို တည်ဆောက်နိုင်မည်ဟူသော ယုံကြည်ချက်ဖြင့် ၂၀၁၃ ခုနှစ်ဩဂုတ်လမှ စတင်၍ ရသစာပေများ ဖတ်ကြား တင်ဆက်ခဲ့ကြပြီး ၂၀၁၆ ခုနှစ်အထိ ပထမရာသီအဖြစ် ရသစာပေဖန်တီးသူများနှင့် ပွဲစဉ်၅၆ပွဲ၊ ဒုတိယရာသီ အဖြစ် ၂၀၁၇ နှစ်ဦးမှ ယနေ့အထိ ပွဲစဉ် ၃၂ ပွဲ ကျင်းပပြီးဖြစ်သကဲ့သို့ ၂၀၁၉ ဧပြီလတွင် ပန်းတင်လှေ ရသစုံ စာစု မဂ္ဂဇင်းကိုလည်း ထုတ်ဝေနိုင်ခဲ့ကြောင်း သိရသည်။
ကိုကြီးစော