နေပြည်တော် ၆ နိုဝင်ဘာ
"ရသစုံလင် စာဥယျာဉ် ကလေးစာကြည့်တိုက်အစီအစဉ်နှင့် အမှတ်တရ ဈေးရောင်းပွဲတော်"ကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၌ ကျင်းပပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်သည် ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ သိရသည်။
မောင်လူမော်


