ရသေ့တောင် ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ရေး သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ရသေ့တောင်မြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန သင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးပုချေက သင်တန်းဖွင့်လှစ်ရခြင်း ကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဦးနေစိုးလင်းက မော်တော်ဆိုင်ကယ် အင်ဂျင်ပိုင်းနှင့် ဝါယာရိန်းပိုင်း အခြေခံသဘောတရားများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်းရေး သင်တန်းကို ရက်သတ္တ သုံးပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား ၂၀ တက်ရောက် သင်ယူလျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)


