ရသေ့တောင် ဇူလိုင် ၂၇

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌  အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများအား ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ မြို့ပေါ်ရပ်ကွက် အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများအား နံနက် ၇ နာရီမှ ၉ နာရီထိလည်းကောင်း၊ ကျေးရွာအငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများအား နံနက် ၁၀နာရီမှ မွန်းလွဲ ၁ နာရီထိလည်းကောင်း နှစ်သုတ်ခွဲ၍ ထုတ်ပေးသွားမည်ဖြစ်သည်။

ရသေ့တောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကိုလျော့ချစေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးနှင့် အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေလာရောက် ထုတ်ယူရာတွင် အဆင်ပြေစေရေးတို့အတွက် ဇူလိုင် ၂၆ ရက်နေ့မှစ၍ သြဂုတ်လ ပထမပတ်ထိ ရုံးဖွင့်ရက်များတွင် နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။ 

မြို့နယ် (ပြန်/ဆက်)