ရသေ့တောင် ဇူလိုင် ၅
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၈) နာရီက လူစည်ကားရာနေရာများတွင် ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းလူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်ပြည်သူများ ပူးပေါင်း၍ လူစည်ကားရာ နေရာများဖြစ်သည့် သင်္ဘောဆိပ်၊ မြို့မစျေးများတွင် စျေးရောင်း/စျေးဝယ် ပြည်သူများနှင့် ရွှေပြည်တန် အမြန်ရေယာဉ်ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မိမိနေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း(Mask)များ တပ်ဆင်ကြရေးနှင့် လက်ကိုဆပ်ပြာနှင့် မကြာခဏ ဆေးကြောကြရန် စသည့် အသိပညာပေးလုပ်ငန်းများအားနှိုးဆော်ခဲ့ကြပြီး နှာခေါင်းစည်း (Mask) ၃၇၀၀ ခုအား ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ရသေ့တောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဇူလိုင်လဒုတိယပတ်မှစ၍ အိမ်ပြင်ပထွက်လျှင် (Mask)မတပ်သည့် ပြည်သူများအား တစ်ဦးလျှင် Mask (၅)ခုကို ငွေကျပ် ၅၀၀ နှုန်းဖြင့် မဖြစ်မနေ ဝယ်ယူစေသည့်စနစ်ဖြင့် ဒဏ်ရိုက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)



