ရသေ့တောင် နိုဝင်ဘာ ၁၀

 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌  ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် ထိုးနှံပြီးစီးခဲ့သည့် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါ ခံစားနေရသူများနှင့် အသက်(၁၈) နှစ်အထက် ဒေသခံပြည်သူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေး  ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်အသီးသီးတွင် နိုဝင်ဘာ ၈ ရက်နေ့မှစ၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရသေ့တောင်မြို့နယ်အတွင်းရှိ သတ်မှတ်ဆေးထိုး နေရာ(၄) နေရာတို့တွင် ပထအကြိမ်ထိုးနှံပြီးစီးခဲ့သည့် ရဟန်းသံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် အသက်(၁၈)နှစ် အထက် ဒေသခံပြည်သူများအနက် စုစုပေါင်း (၄၂၀၃)ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အောင်စံထွန်း(ပြန်/ဆက်)