ရသေ့တောင်မြို့နယ်၌ ပြန်လည်ကျန်းမာလာသည့် ကိုဗစ်-၁၉ လူနာ (၃)ဦးအား ဆေးရုံမှဆင်းခွင့်ပြု

ရသေ့တောင် ဇူလိုင် ၂၂

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ ဇူလိုင် ၂၂ရက်က အမျိုးသမီး(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိပြီး ပြန်လည်ကျန်းမာလာသူ(၃)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာမှာ ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ် အုန်းချောင်းကျေးရွာ မှ အသက်(၄၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ၄င်းမှာအနံ့မရသဖြင့် ဆေးရုံသို့ လာရောက်ပြသရာမှ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရသေ့တောင်မြို့နယ်တွင် ဇူလိုင် ၂၂ ရက်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၉)ဦးရှိသည့်အနက် ဇူလိုင် ၁၂ရက်က ကူးစက်ခံရပြီး ဆေးကုသမှုခံယူနေသည့် အမျိုးသာတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာ ပြသမှုမရှိသည့်အတွက် ဆေးရုံမှဆင်းခွင့်ပြုခဲ့သည်။ 

ရသေ့တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ(၁)ဦးရှိပြီး စုစုပေါင်းအတည်ပြု လူနာ(၁၅)ဦးမှာ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက် ရှိကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အောင်စံထွန်း