နေပြည်တော် ၁၁ ဩဂုတ်

 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအား ဩဂုတ် ၉ ရက် နံနက်ပိုင်းတွင် ထီးဆွဲကျေးရွာနှင့် မင်းကျွန်းအနီးတို့၌ AA အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါသတင်းထုတ်ပြန်ချက်၌ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များသည် နယ်မြေလုံခြုံရေး ဆောင်ရွက်ရန် ဩဂုတ် ၉ ရက် နံနက် ၁၀ နာရီခန့်တွင် ရသေ့တောင်မြို့နယ် ရွာသစ်ကေ ကျေးရွာအနီးမှ မေယုမြစ်အတိုင်းထွက်ခွာလာစဉ် ထီးဆွဲကျေးရွာအနီးတွင် လည်းကောင်း၊ ဆက်လက်ထွက်ခွာလာရာ မင်းကျွန်းအနီးတွင်လည်းကောင်း AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားကြောင်း။

 

ဖြစ်စဉ်တွင် မင်းကျွန်းအနီး AA အကြမ်းဖက်သောင်းကျန်းသူများ မောင်းနှင်ထွက်ပြေးသွားသော စက်လှေတစ်စီး မီးလောင်နစ်မြုပ်သွားခဲ့ကြောင်း ဖော်ပြထားသည်။

 

သတင်းစဉ်