နေပြည်တော်  ၂၉  ဇွန် 

ဇွန်(၂၁)ရက်မှစတင်၍ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်၍ ဒေသခံများ ယာယီထွက်ပြေးတိမ်းရှောင်လာကြရာ ရသေ့တောင်မြို့၊ အရှေ့တောင် ရပ်ကွက်သို့ အိမ်ထောင်စု(၃၇)စု၊ လူဦးရေ(၄၇)ဦး၊ ချောင်းဝရပ်ကွက်သို့ အိမ်ထောင်စု(၄၉)စု၊ လူဦးရေ (၁၆၆)ဦး၊ စုစုပေါင်းနေရပ်စွန့်ခွာခဲ့သည့် အိမ်ထောင်စု(၈၆)စု၊ လူဦးရေ(၂၁၃)ဦး တို့အတွက် ဆန်ရိက္ခာ (၁၄)ရက်စာအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ် ဦးစီးမှူးရုံးက ဇွန် ၂၈ ရက်နှင့် ၂၉ ရက်များတွင် လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)