ရသေ့တောင်  ဧပြီ ၂၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ရုံးတွင် ဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(ဒါဘာ)ကိုယနေ့ ဧပြီ ၂၅ရက် နေ့လည် ၁၂ နာရီအချိန်က  မြို့နယ်လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် ကျင်းပြုလုပ်ခဲ့ပါသည်။

ရှေးဉီးစွာ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးက တစ်လတာဆောင်ရွက်ချက်များတွင်လုပ်ငန်း လိုအပ်ချက်များစွာ ရှိနေကြောင်း၊ အလုပ်ကိုစနစ်တကျဆောင်ရွက်ကြရန် လိုအပ်ချက်များရှိနေသဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် မီးဘေးလုံခြုံရေး၊ ရုံး တွင်း/ပြင် သန့်ရှင်း ရေးဆောင်ရမည့် ကိစ္စရပ်များအားဆွေးနွေးညှိနှိုင်းဟောပြောပြီး လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရန် ဟောပြောခဲ့ပါသည်။

ဝန်ထမ်းများက မိမိတို့လိုအပ်ချက်များကို တင်ပြကြပြီး ဝန်ထမ်းများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဦးစီးမှူးမှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြောကြားခဲ့သည်။

ထွန်းလင်းကျော်(ပြန်/ဆက်)