ရသေ့တောင်  နိုဝင်ဘာ ၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် စစ်ရှောင်စခန်းမှ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ အစဉ်အလာမပျက် ဆွမ်းတော်ကြီးလောင်းလှူပွဲကို တန်ဆောင်မုန်းလပြည့်ဖြစ်သည့် နိုဝင်ဘာ ၇ ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

ရသေ့တောင်မြို့၏ ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းလှူပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်လင်းထက်၊ ဆွမ်းတော်ကြီးလောင်းလှူပွဲဖြစ်မြောက်ရေး ကော်မတီဝင်များ၊ အသင်းအဖွဲ့များ၊ မြို့ပေါ် ၄ရပ်ကွက်မှ စေတနာရှင်အလှူရှင်များ၊ ဌာနဆိုင်ရာ မိသားစုများ၊ လူငယ်အသင်းအဖွဲ့များက စုပေါင်းပြီး ရသေ့တောင်မြို့မ အားကစားကွင်းအတွင်းတွင် မြိုလုံးကျွတ် ဆွမ်းတော်ကြီးလောင်းလှူပွဲကျင်းပြုလုပ်ခဲ့ရာ ရဟန်း၊ သံဃာတော်များ၊ စာသင်သားကိုရင်များနှင့် မယ်သီလရှင်များ စုစုပေါင်း အပါး(၁၂၀)ခန့်အား ဆွမ်းဆန်များ၊ ခေါက်ဆွဲခြောက်များ၊ ကော်ဖီမစ်၊ ပေါင်မုန့်၊ မုန့်ခြောက်၊ အချိုရည်ဘူး၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ ဖယောင်းတိုင်၊ တိုင်းရင်းဆေး အစရှိသည့် လှူဖွယ်ပစ္စည်းများ အမျိုးစုံလင်စွာဖြင့် ပျော်ရွှင်စွာလောင်းလှူခဲ့ကြပြီး လာရောက်လှူဒါန်းကြသော အလှူရှင်များနှင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ ဆက်)